တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအများအပြား ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးသည့်အတွက် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး (၁) လုံးလျှင် (၂၅၀၀) ကျပ်၊ ပန်းသီးအလုံးသေး (၄) လုံးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
source: https://www.doca.gov.mm